Tuesday, November 3, 2015

ဘယ်သူ ပိုမိုက်လဲ....?

                                                              ဘယ်သူ ပိုမိုက်လဲ....?
                                                                 +++++++++

                                                                 မောင်သီဟိုဠ်
                                                                ၀၄.၁၁.၂၀၁၅

 


    မြန်မာပြည်မှာ ဖြစ်နေကြတဲ့ ဘာသာရေး သာသနာရေး နိုင်ငံရေးတွေကို တွေ့ရ မြင်ရ ကြားရ ဖတ်ရတိုင်း မဋ္ဌကုဏ္ဍလီတို့ သားအဖ နှစ်ယောက် ပြောတဲ့ စကားလေးကို သွားသွားပြီး သတိရတယ်။ ဒါပေမယ့် ကိုယ့်အတွေးပဲ ချော်ချော်သွားလို့ လားမသိဘူး ဘာသာရေးထဲက တရားကို နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ခဏခဏတွေးမိတယ်။ တွေမိတိုင်းလည်း မင်းတို့တွေ ဘယ်သူက ပိုမိုက်လဲ လို့ ခဏခဏမေးမိတယ်။ ကိုယ့် အတွေးထဲမှာပေါ့လေ။ အဲဒီအတွေးလေးက မပြောရ မရေးရတော့ ပျောက်မသွားပဲ ရင်ထဲမှာ အမြူတေ အဖြစ်နဲ့ရှိနေတယ်ထင်ပါရဲ့ ခုလုခုလု ဖြစ်နေတယ်။ ဒီနေ့တော့ ဘာပဲ ဖြစ်ဖြစ်ရေးလိုက်တော့မယ် ဆိုပြီး ဆုံးဖြတ်လိုက်တော့တာပါ။ ဘယ်သူဘယ်ဝါကို တစ်စုံတစ်ယောက်ကို တိုက်ခိုက်ချင်လို့တော့ မဟုတ်ပါ။ ဒီစာလေးကို ဖတ်ပြီး အတွေးစလေး ရသွားတယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါပြီ။

Tuesday, October 13, 2015

မရည်ရွယ်သော်လည်း =========



                                                                              မရည်ရွယ်သော်လည်း
                                                                                  =========
                                                                                 မောင်သီဟိုဠ်
                                                                                ၁၃ . ၁၀ . ၂၀၁၅

    မြန်မာနိုင်ငံ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ခမ်းနားကြီးကျယ်စွာ ပြုလုပ်တဲ့ အမျိုးစောင့် ဥပဒေ ထောက်ခံကြိုဆိုပွဲကို Sky Net ရဲ့ ကျေးဇူးကြောင့် အင်တာနက်က တိုက်ရိုက်ထုတ်လွင့်မှုကို အစကနေ အဆုံးထိ ရေမချိုးပဲ ထိုင်ကြည့်လိုက်ရပါတယ်။ အမှန်တကယ် ဝန်ခံရမယ်ဆိုရင် သူများတွေ အမျိုးမျိုးဝေဖန်ပြောဆိုနေကြတဲ့ ဒီအမျိုးစောင့်ဥပဒေကို တစ်ခါမှ မဖတ်ဖူးပါဘူး။ အခုတော့ ဒကာကြီး ဦးနေအောင် ဖတ်ပြလို့ အကျဉ်းချုပ်တော့ သိလိုက်ရပါပြီ။ ကိုယ်မဖတ်ဖူး မလေ့လာဖူးသလို ဝေဖန်ပြစ်တင်မှုမျိုးလည်း တစ်ခါမျှ မပြုလုပ်ဖူးပါ။ အဲဒီပွဲမှာ ကြားလိုက်ရတဲ့ အကျဉ်းချုပ်ဟာ ကောင်းပါတယ် သဘောကျပါတယ် လက်ခံပါတယ်။ ဒီဥပဒေဟာ တကယ်တော့ အမျိုးစောင့်ဖို့တင်မဟုတ်ပဲ နိုင်ငံကို စောင့်နိုင်တဲ့ နိုင်ငံစောင့် ဥပဒေလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ပြစ်တင်ဝေဖန်ချင်ရင်တော့ အားနည်းချက် အားသာချက်ကို သိအောင် အရင်ဖတ်သင့်တယ်။ ဖတ်တဲ့အခါမှာလည်း ဒေါသ=အမုန်းကို ရှေ့တန်းတင်ပြီး မဖတ်ပါနဲ့ ဆန္ဒ= အချစ်ကို ရှေ့တန်းတင်ပြီးလည်း မဖတ်ပါနဲ့ အမုန်းကို ရှေ့တန်းတင်ရင် အမှန်ကို မသိနိုင်တော့သလို အချစ်ကို ရှေ့တန်းတင်ရင်လည်း အမှန်ကို မသိနိုင်တော့ပါဘူး။ အမုန်းမဖက် အချစ်မပါ အမှန်သက်သက်သာ ဖတ်စေလိုပါတယ်။
    ရန်ကုန်က ထောက်ခံ ကြိုဆိုပွဲကြီးပြီးတော့ သိပ်မကြာခင်မှာပဲ အိန္ဒိယရောက် မြန်မာရဟန်းတော်များကလည်း အမျိုးစောင့်ဥပဒေ ထောက်ခံကြိုဆိုပွဲကို ဘုရားဖြစ်တော်မှုရာ မဟာဗောဓိပင်အောက်မှာ ခမ်းခမ်းနားနားလုပ်တဲ့ သတင်းတွေ၊ ပုံတွေ တွေ့ရတော့ "မကုဋာရာမ မြန်မာကျောင်းတိုက်မှာ တို့လည်းသဘောတူရာ သူငယ်ချင်းတွေစုပြီး ဆွမ်းတော့ကပ်သင့်တယ်"လို့ ရင်းနှီးတဲ့သူငယ်ချင်းတွေကို နှိုးဆော်တိုက်တွန်းမိပါတယ်။ အဲဒီအချိန်မှာပဲ အိန္ဒိယက သတင်းဆက်တက်လာပါတယ်။ သတင်းက ဒေါက်တာလုပ်နေတဲ့ ဦးဇင်းတစ်ပါးကို စင်္ကာပူက ဒကာမတစ်ယောက်က အဲဒီဦးဇင်း အမျိုးစောင့်ဥပဒေ ထောက်ခံပွဲသွားလို့ ထောက်ပံ့မှုအားလုံးကို ရပ်ဆိုင်းလိုက်တယ်တဲ့။ ဒါကို အဲဒီဦးဇင်းနဲ့ အတူနေ သူငယ်ချင်းတစ်ပါးက စိတ်မကောင်းလို့ဆိုပြီး ဖေ့ဘုတ်မှာ စာလေးရေးတင်တော့ အမျိုးစောင့်ဥပဒေကို သဘောကျတဲ့ ဒကာတစ်ယောက်က ပညာရေးကို ဆက်ကြိုးစားဖို့ လိုသမျှထောက်ပံ့ပါ့မယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ သတင်းဆုံးသွားမှပဲ တော်ပါသေးပါရဲ့ လို့ သက်ပြင်းချမိပါတယ်။ ငါတို့ သီရိလင်္ကာလည်း အိန္ဒိယလို မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း နေ့ဆွမ်းကပ်ဖို့ ဝိုင်းဝန်းလှူဒါန်းလိုက်တာ ထင်ထားတာထက်ပိုပြီး အလှူငွေတွေများရလာလို့ စည်စည်ကားကား ဖြစ်သွားပါတယ်။ နေ့ဆွမ်းကပ်ဖို့ပဲ စိတ်ကူးရှိခဲ့ပေမယ့် နီးစပ်ရာ ပါဝင်လှူဒါန်းသူများရဲ့ ကျေးဇူးကြောင့် ရူပီးတစ်သိန်းကျော်ရရှိသွားလို့ အရုဏ်ဆွမ်း နေ့ဆွမ်းပါမက ညနေ အဖျော်ရည်ပါ ကပ်ခွင့်ရလိုက်ပြီး ရူပီး ငါးသောင်းတန် စပီကာ ဘောက်နှစ်လုံးနဲ့ ဖွင့်တဲ့စက်ပါ ကျောင်းတိုက်ကြီးအတွက် လှူဒါန်းလိုက်ရပါတယ်။ ဒါကတော့ ထင်သာမြင်သာရှိတဲ့ အမှတ်တရ ကုသိုလ်ပေါ့။ ကျန်းတဲ့ အမှိုက်ပုံးကြီးတွေနဲ့ အခြားလိုအပ်ချက်တွေ ဝယ်လှူတာတော့ အသေးအဖွဲတွေမို့ ထားလိုက်ပါတော့။ အခမ်းအနားကို ( ၁ )နာရီခွဲကနေစတာ ( ၄ )နာရီထိ စည်ကားသိုက်မြိုက် အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ဒါက သီရိလင်္ကာနိုင်ငံမှာလုပ်တဲ့ အမျိုးစောင့်ဥပဒေ ကြိုဆိုပွဲ အခြေအနေပေါ့။

Saturday, September 26, 2015

သီရိလင်္ကာ ရဲ့ သီရိမဟာဗောဓိ +++++++++++++++


မောင်သီဟိုဠ်
၂၀၁၅ . ၀၉ . ၂၇

 

သီရိလင်္ကာနိုင်ငံ(သီဟိုဠ်ကျွန်း)မှာ ဗောဓိပင် ရှိလား? လို့ မကြာခဏ မေးကြသူများကို
သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း)မှာ ဗောဓိပင် ရှိပါတယ်လို့ ပထမ ဦးစွာ ပြောပါရစေ။ သီရိလင်္ကာနိုင်ငံ(သီဟိုဠ်ကျွန်း)မှာ သာသနာတော်နဲ့ ဆက်စပ်တဲ့ သာသနာ့ အမွေခံ အနေနဲ့ များစွာရှိတဲ့ အထဲမှာ ဗုဒ္ဓမြတ်စွယ်တော် နဲ့ သီရိမဟာဗောဓိ (ဗောဓိပင်)ကတော့ သီရိလင်္ကာနိုင်ငံ(သီဟိုဠ်ကျွန်း)ရဲ့ အသည်းနှလုံးပါပဲလို့ ပြောရင်မှားမယ် မထင်ပါဘူး၊ စွယ်တော်အကြောင်းကိုတော့ နောက်မှ အလျှင်းသင့်သလို့ ပြောပြပါမယ်။ အခုလောလောဆယ်က ဗောဓိပင်ကိစ္စ ပြဿနာ တက်နေလို့ ဗောဓိပင် ကြောင်းပဲ ဦးစားပေး ပြောလိုက်ပါမယ်။ သီရိလင်္ကာနိုင်ငံ(သီဟိုဠ်ကျွန်း)မှာ ဗောဓိပင် ရှိတယ် မရှိဘူးဆိုပြီး ဇနီးမောင်နှံ နှစ်ယောက် အငြင်းပွါးနေလို့ သီရိလင်္ကာနိုင်ငံ(သီဟိုဠ်ကျွန်း)ရဲ့ ဗောဓိပင် အကြောင်းကို ရေးရတာပါ။ ဒါပေမယ့် ဘာသာရေး စာပေအဖတ်များတဲ့သူအများစုကတော့ သိပြီးသားဖြစ်မှာပါ၊ မသိသေးတဲ့ သူများလည်း သိခွင့်ရအောင် ဆိုတဲ့ စေတနာနဲ့ ဆောင်းပါး တစ်ပုဒ် သီးသန့်ရေးလိုက်ပါတယ်။ ရန်ကုန်မှာ ကျွန်ုပ်နဲ့ ညီအစ်ကို မောင်နှမလို ခင်မင်ရင်နှီးတဲ့ ဒကာ နဲ့ ဒကာမ ဇနီးမောင်နှံ နှစ်ယောက် ရှိပါတယ်။ ဒကာမက သီရိလင်္ကာနိုင်ငံမှာ ဘုရားပွင့်တော်မှုတဲ့ ဗောဓိရှိတယ် သူ့အမျိုးသား ဒကာဖြစ်သူက မရှိဘူးဆိုပြီ  အငြင်းအခုံဖြစ်ကြတော့ ဒကာမက ချက်ချင်း ကျွန်ုပ်ဆီကို ဖုန်းဆက်ပြီး။ " ဦးဇင်း သီရိလင်္ကာ(သီဟိုဠ်ကျွန်း)မှာ ဘုရားပွင့်တဲ့ ဗောဓိပင် မရှိဘူးလား ရှိလား" ဆိုပြီး ဘုန်းကြီးကို တရားခံရှာပါတယ်၊ ဒကာမကလည်း ရှေ့နေပီပီ သူလိုချင်တာပဲ ဖြတ်မေးပါတယ် ။ဒါနဲ့ ကျွန်ုပ်ကလည်း သီရိလင်္ကာနိုင်ငံ(သီဟိုဠ်ကျွန်း)က ဗောဓိပင်အကြောင်း အတ္ထုပ္ပတ္တိက အရှည်ကြီးဖြစ်နေလို့ ပြောပြစရာတွေ အများကြီးပဲလို့ ပြန်ပြောလိုက်တော့  ဒကာမက " ဦးဇင်း ဘာမှဖြေမနေနဲ့ ဘုရား yes or no သာဖြေပေးပါ " တဲ့ ။ သူစကားကို ကြားမှ ကိုယ့်ဖာသာကို အော်....ငါ .. တရားခွင်ထဲရောက်သွားပြီပဲလို့ သဘောပေါက်သွားပါတယ်။ အဲဒီအချိန်မှာ အတွေးတစ်ချက် ရလိုက်တာက "ရှေ့နေဆိုတာ တဖက်လူကို ပြောခွင့်မပေးပဲ လိုရာကို ဖြတ်မေးတတ်ပါလား" ဆိုတာကို သိလိုက်ရပါတယ်။ သီရိလင်္ကာနိုင်ငံ(သီဟိုဠ်ကျွန်း)မှာ ဗောဓိပင်ရှိတာလည်းဖြစ်လို့ တရားခွင်ထဲရောက်နေမှတော့လည်း အထူးတော့ဘူးဆိုပြီး " yes" လို့ပဲ ဖြေပေးလိုက်ရပါတယ်။ အကြောင်းအရာနှင့်တကွ ရှင်းရှင်းလင်းလင်း ပြောပြမယ်ဆိုရင်လည်း ဖုန်းနဲ့ပြောရတာဖြစ်လို့ အဆင်မပြေ ဒါကြောင့် ဒကာမလိုချင်တဲ့ အဖြေ " yes" လို့ ဖြေလိုက်ရတယ်၊ စိတ်ထဲမှာတော့ သိပ်မအေးလှပါဘူး ကိုယ် "yes" လုပ်လိုက်မှ သူတို့အငြင်းအခုန်က ပိုကြီးထွားသွားမှာလည်း စိုးရသေးတယ်။ ဒကာမက သူ့အမျိုးသားကို ပြောနေတာ နားစွန်နားဖြား ကြားလိုက်တာကတော့ "နင် ငါ့ကို လာမငြင်းနဲ့ ဘုန်းကြီးပြောတာ ရှိတယ်တဲ့ ၊ နင် ငြင်းချင်ရင် ဘုန်းကြီး ဝတ်ပြီးမှ ငြင်းတဲ့ " ယောက်ျားဖြစ်သူက ငြင်းချင်လို့ပါဆိုပြီး ဘုန်းဝတ်မယ်ဆိုရင်တော့ ရွာအမှု့ဘုန်းကြီးပတ်တော့မှာပဲ ဘုန်းကြီးအမှု့ရွာပတ်လို့ပဲ ကြားဖူးပါတယ် ဒီဒကာမနဲ့မှ ရွာအမှု့ ဘုန်းကြီးပတ်တော့မယ်လို့ ကိုယ့်ဖာသာကို တွေးမိပါတယ်။ ထားပါတော့ ။
 

Friday, September 25, 2015

အနတ္တလက္ခဏသုတ် ပါဠိတော် မြန်မာပြန်-

အနတ္တလက္ခဏသုတ် ပါဠိတော် မြန်မာပြန်-
                                          ===================


အနတ္တလက္ခဏသုတ် ပါဠိတော်
( အနတ္တလက္ခဏသုတ် အမွှန်း )

(က) ဓမ္မစက္ကံ ပ၀တ္တေတွာ၊ အာသဠှိယံ ဟိ ပုဏ္ဏမေ။
နဂရေ ဗာရာဏသိယံ၊ ဣသိပတန၀ှယေ ၀နေ။
(ခ) ပါပေတွာဒိ ဖလံ နေသံ၊ အနုက္ကမေန ဒေသယိ။
ယံ တံ ပက္ခဿ ပဉ္စမျံ၊ ၀ိမုတ္တတ္ထံ ဘဏာမ ဟေ။

( အနတ္တလက္ခဏသုတ် နိဒါန်း )

ဧ၀ံ မေ သုတံ-
ဧကံ သမယံ ဘဂ၀ါ ဗာရာဏသိယံ ၀ိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂ၀ါ ပဉ္စ၀ဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ။ ဘဒ္ဒန္တေတိ တေ ဘိက္ခူ ဘဂ၀တော ပစ္စေဿာသုံ။ ဘဂ၀ါ ဧတဒဝေါစ-

-အနတ္တလက္ခဏသုတ် နိဒါန်း မြန်မာပြန်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂါဝုန်တော၌ သီတင်း သုံး နေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂီရဟန်းတို့ကို ရဟန်းတို့ဟု မိန့်တော်မူ၏။
အသျှင်ဘုရားဟု .....
ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။


( ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ )

ရူပံ ဘိက္ခဝေ အနတ္တာ။
ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘ၀ိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ။
လဗ္ဘေထ စ ရူပေ ဧ၀ံ မေ ရူပံ ဟောတု၊ ဧ၀ံ မေ ရူပံ မာ အဟောသီ တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ။
န စ လဗ္ဘတိ ရူုပေ ဧ၀ံ မေ ရူပံ ဟောတု၊ ဧ၀ံ မေ ရူပံ မာ အဟောသီ တိ။

-မြန်မာပြန်-

ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ရုပ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ် စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ် သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရလည်းမရ။

( ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ )

Thursday, September 24, 2015

ကမ်းခြေမှာ အပန်းဖြေတာ မဟုတ်ပါ

ကမ်းခြေမှာ အပန်းဖြေတာ မဟုတ်ပါ
=====================

မောင်သီဟိုဠ်
၂၀၁၅-၀၉-၂၄


    ဟိုတစ်နေ့က ပင်လယ်ကမ်းခြေပုံ လေး တင်လိုက်တော့ တချို့ကလည်း ဘယ်မှာလဲ တချို့ကလည်း အပန်းဖြေသွားတာလား တချို့ကလည်း ကမ်းခြေသွားဘာလုပ်တာလဲ အမျိုးမျိုး ထင်ကြေးပေးပြီး မေးကြတယ်။ ပြန်ပြီး ရှင်းပြတော့လည်း လက်မခံ။ အမြင်ကို မထင်နဲ့ အမှန်လို့ ယူဆကြလေတယ်။ ဒါကြောင့် အားလုံးလည်း သိကြရအောင်ဆိုပြီး ဒီဆောင်းပါးလေးကို ရေးမိတာပါ။ ကမ်းခြေဟာ ဗုဒ္ဓသာသနာနဲ့ အများကြီး ဆက်စပ်မှုရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ထင်ရှားတဲ့ ပညာရှိ မိလိန္ဒမင်း နဲ့ ပညာရှိ ရဟန္တာ မထေရ်ကြီး အရှင်နာဂသေန တို့ရဲ့ ဇာတ်လမ်း ဇာတ်အိမ်ကို ကမ်းခြေတစ်ခုမှာ သန္ဓေတည်ခဲ့ပါတယ်။ ပညာရှင် နှစ်ဦးတို့ရဲ့ အပြန်အလှန်ဆွေးနွေးမှုတွေကို မှတ်တမ်းတင်ထားတဲ့ စာတမ်းကို မိလိန္ဒပဉှာကျမ်းဆိုပြီး ဆဋ္ဌသင်္ဂါယနာမှာ အားလုံးရဲ့ သဘောတူညီမှုနဲ့ သင်္ဂါယနာတင်ခဲ့ကြပါတယ်။ ဘာသာရေး နိုင်ငံရေး လူမှုရေးနဲ့ အသိပညာရေးတွေပါ ပါတာဖြစ်လို့ မဖတ်ဖူးသေးသူများလည်း ဖတ်စေချင်ပါတယ်။ နောက်တစ်ခုက မနုဿတ္တဘာဝေါ ဒုလ္လဘောဆိုတဲ့ လူ့ဘဝရဲ့တန်ဖိုးကို နားလည်နိုင်ဖို့အတွက် မြတ်စွာဘုရား ပင်လယ်ထဲက လိပ်ကန်းကြီးနဲ့ ထွန်တုံးကို ဥပမာပေးပြီး ဟောထားတာလည်းရှိပါတယ်။ ပင်လယ်ကြီးရဲ့ တဝုန်းဝုန်းနဲ့ ပုတ်ခတ်နေတဲ့ လှိုင်းလုံးကြီးတွေကို မြင်ရတဲ့အခါ မိလိန္ဒမင်းလောင်းလျာ ကိုရင်လေး နဲ့ အရှင်နာဂသေနလောင်းလျာဦးဇင်းတို့ ပင်လယ်လှိုင်းလုံးကြီးတွေကို ကြည့်ပြီး ဒီပင်လယ် လှိုင်းလုံးကြီးတွေလို ဖြစ်လေရာဘဝမှာ ဉာဏ်ပညာကြီးလိုကြောင်း သူထက်ငါ အပြိုင်အဆိုင်ဆုတောင်ကြတယ်။ ဟိုဘက်ကမ်းကိုမမြင်ရတဲ့ ပင်လယ်ကြီးရဲ့ ကျယ်ပုံကိုတွေ့ရပြန်တော့လည်း နှစ်တစ်ရာမှာ တစ်ခါသာ ပေါ်တဲ့ လိပ်ကန်းကြီးနဲ့ အပေါက်တစ်ပေါက်ထဲရှိတဲ့ ထွန်တုံးပေါက်ထဲခေါင်းဝင်မိဖို့ မဆိုထားနဲ့ အတူတူပေါင်းဆုံမိဖို့တောင် မလွယ်တဲ့အဖြစ်ကို တွေးမိပါတယ်။ လူဘဝရဖို့က လိပ်ကန်းနဲ့ ထွန်တုံးဆုံဖို့ထက် အဆများစွာ ခက်ပါတယ်တဲ့။ ဗုဒ္ဓဘာသာ စာပေများနဲ့ ပိဋကတ်ပါဠိတော်တွေထဲမှာ ပင်လယ်ကြီးကို ဥပမာပေးပြီး ဟောထား ဆုံးမထားတာတွေ များစွာရှိပါသေးတယ်။ ခုပြောတာတွေက ကမ်းခြေကိုရောက်လို့ တကယ်ပဲ ဆင်ခြင်တွေးတောမိတာတွေထဲက တချို့တဝက်ကို လက်တမ်းထုတ်ပြောပြတာပါ။

Saturday, September 5, 2015

ဝေးကွာခြင်း မှတ်တိုင် ============







ကောင်းကင် နှင့် ကမ္ဘာမြေကြီးသည် ဝေး၏။

သမုဒ္ဒရာရဲ့ ကမ်းနှစ်ဘက်သည် ဝေး၏။

အမှန်အားဖြင့်

ထိုကောင်းကင် နှင့် မြေကြီး

သမုဒ္ဒရာ ဟိုဘက်ကမ်း နှင့်

ဒီဘက်ကမ်းတို့ ဝေးသည်ထက်

သူတော်ကောင်းတို့၏ တရား နှင့်

မသူတော်တို့၏ တရားကာ ပို၍ပို၍ ဝေးလေ၏။


=== မောင်သီဟိုဠ်

Friday, September 4, 2015

ရွှေပုဇွန် ကိတ်ရဲ့ ရာဇဝင်


                                    ရွှေပုဇွန် ကိတ်ရဲ့ ရာဇဝင်
                                   ===============
                                        ၀၄ - ၀၉ -၂၀၁၅



                                          မောင်သီဟိုဠ်  =  အရှင်ဇောတိက




    
    ကော်ဖီတစ်ထုပ်ရဲ့ရာဇဝင်ဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ်ရေးဖူးတယ်။ ကံအားလျော်စွာ မလေးရှာကနေ မြန်မာ၊ မြန်မာပြည်ကနေ သီရိလင်္ကာကို ရောက်လာပြီး ကိုယ်သောက်လိုက်ရတဲ့ ကော်ဖီတစ်ထုပ်ရဲ့ အကြောင်းပါ။ အခုတော့ ကိုယ်မစားလိုက်ရတဲ့ ရွှေပုဇွန် ကိတ်ရဲ့ အကြောင်းကို ရွှေပုဇွန်ကိတ်ရဲ့ ရာဇဝင် ဆိုပြီး ထပ်ရေးချင်ပြန်တယ်။ ရာဇဝင်တွေကို လုပ်ကြံနေတယ်လို့ ထင်မှာလည်း စိုးရပါတယ်။ လုပ်ကြံရေးတာတွေတော့မဟုတ်ပါဘူး။ တကယ့် ဖြစ်ရပ်မှန်တွေပါ။ ရွှေပုဇွန် ကိတ်ရဲ့ရာဇဝင် ဆိုလို့ ရွှေပုဇွန်ကိတ် မုန့်တိုက်ပိုင်ရှင်ရဲ့ အကြောင်း ရွှေပုဇွန်ကိတ် ဖြစ်လာရတဲ့ အကြောင်းတွေ ရေးမယ်လို့ မထင်လိုက်ပါနဲ့ အဲဒီအကြောင်းတွေ မဟုတ်ဘူးဆိုတာ စောစီးစွာပဲ ဝန်ခံပါရစေ။ ကျွန်ုပ် ရွှေပုဇွန် ကိတ်ရဲ့ ရာဇဝင်က ဒီလိုပါ ။
    တစ်ရက်မှာ ကျွန်ုပ်ကို ငယ်စဉ်ကတည်းက ခင်မင်ကြည်ညိုတဲ့ ကလေးမြို့က ဒကာမ တစ်ယောက်က ကျွန်ုပ်ရှိရာ သီရိလင်္ကာနိုင်ငံကို စွယ်တော်ဖူးလာမယ်လို့ ဖေ့ဘုတ်ကနေပြောပါတယ်။ ကိုယ့်အသိလာမယ် ဆိုတာကိုကြားတော့ အတော် ဝမ်းသာမိပါတယ်။ တကယ်ပါ။ သီရိလင်္ကာဆိုတာ ထိုင်း စင်္ကာပူ မလေး အိန္ဒိယနိုင်ငံတွေလို မြန်မာပြည်ကလာသူများများ မရှိကြပါဘူး။ အခုနောက်ပိုင်းမှသာ တစ်ဦးစ နှစ်ဦးစ ဘုရားဖူးလာတဲ့လူ ရှိကြတာပါ။ တချို့လာတဲ့လူ ရှိပြန်တော့လည်း ကိုယ့်အသိမဟုတ်တော့ ပစ္စည်းမှာဖို့ အခက်တွေ့ရပြန်တယ်။ အဲဒါကြောင့် အသိလာမယ်ဆိုရင် အရေးတကြီးလို့အပ်တဲ့ စာအုပ်စာတမ်းနဲ့ ပစ္စည်းများမှာလို့ရမယ် စာချင်းတာတွေ ယူခိုင်းလို့ရမယ် မြန်မာအစားအစာတွေ နိုင်သလောက် အသယ်ခိုင်းလို့ရမယ် မခိုင်းရင်လည်း သေချာပေါက်ယူလာမယ်ဆိုတာ သိနေပါတယ်။ အဲဒါကြောင့် ဘယ်သူတွေနဲ့ ဘယ်လိုလာမှာလဲလို့ မေးကြည့်တော့ ကလေးမြို့ကနေ ရန်ကုန်မှာ နေတဲ့ ကလေးမြို့သူ သူငယ်ချင်း မူမူသန်းနဲ့ လာမယ်ဆိုတာပြောပါတယ်။ သူပြောတဲ့ သူငယ်ချင်းက ကိုယ့်နဲ့လည်း သူငယ်ချင်းပါ။ ဖေ့ဘုတ်ခေါ် Friend ပေါ့။ စကားတော့ တစ်ခါမှ မပြောဖူးပါဘူး။ ဒါပေမယ့် ကလေးမြို့က ရန်ကုန်နေတယ်ဆိုတာ သူ့ပုံတွေကြည့်ပြီး သိရပါတယ်။
ကလေးမြို့က ဒကာမကြီးက ရန်ကုန်သူ့သူငယ်ချင်းအိမ်မှာ သုံးလေးရက်နေပြီး။ မှာသမျှ အကုန်ဝယ်ချက်ပြုတ်ပြီး ယူလာခဲ့ကြတယ်။ မဟာရန်ကုန်မှာနေတဲ့ ကလေးမြို့သူကြီးကလည်း ကျွန်ုပ်အတွက် ရည်ရွယ်ပြီး မဟာ ရွှေပုဇွန်ကိတ်တွေ ဝယ်လာခဲ့ပါတယ်။ ဒါကြောင့် ကျွန်ုပ်နဲ့ အတူနေသူငယ်ချင်းကို လေဆိပ်လာကြိုဖို့မှာတယ် ကလေးမြို့က ဒကာမကြီးက ကျွန်ုပ်သူငယ်ချင်းရဲ့ မဖြစ်လိုက်ရတဲ့ ရဟန်းဒကာမကြီးပေါ့ ဒါပေမယ့် သူငယ်ချင်းကို အရမ်းဂရုစိုက်ပါတယ်။ဒါကြောင့် ကလေးမြို့က ဒကာမကြီးနဲ့ သူငယ်ချင်းက ကိုလံဘိုလေဆိပ်ကိုလာကြိုပြီး ပါလာတဲ့ ပစ္စည်းတွေ လာယူပါဆိုပြီး အချိန်းအချက်လုပ်ကြတယ်။ အဲဒီ သူတို့ စဉ်တာကို ကျန်ုပ်က မသိလိုက်။ ဒါပေမယ့် သူငယ်ချင်းကတော့ ရွှေနားတော် လေချော်ပြီး နောက်နေ့မှ ဟိုတယ်သွားယူရမယ် အထင်နဲ့ နှစ်ယောက်သား လေဆိပ်ကို မသွားဖြစ်ကြဘူးပေါ့။ ပစ္စည်းစားစရာတွေ ယူလာသူတွေကတော့ လေးဆိပ်ရောက်ရင် တို့ ဦးဇင်းတွေလာမယ် လေဆိပ်မှာပဲ ရွှေပုဇွန်ကိတ် အစိုတွေ ကပ်လိုက်မယ် ဒါတွေက ကြာကြာထားမရတဲ့ ပစ္စည်းတွေ ဆိုတဲ့ အတွေးနဲ့ဖြစ်မှာပေါ့။ ဘုရားဖူးအဖွဲ့ဆိုတော့ ကိုယ်တွေလိုပဲ တစ်ခြား အသိဦးဇင်းများနဲ့ တစ်ခြားဒကာ ဒကာမတွေကလည်း အစောက အစီစဉ်အတိုင်း လေဆိပ်မှာတွေ့ကြ မှာတဲ့ ပါးတဲ့ ပစ္စည်းများကို ယူကြ လှူကြပေါ့။ ဒါပေမယ့် ကလေးမြို့က ဒကာမကြီးက သူ့သူငယ်ချင်း ဒေါ်မူမူသန်းကို တို့ဦးဇင်းတွေမတွေ့ဘူးလို့ မပြောပဲ တစ်ခြားဦးဇင်းတစ်ပါးဖုန်းကဒ်ဝယ်နေတဲ့အနားသွားပြီး အဲဒီ ဦးဇင်းနဲ့ စကားပြောရင်း သူလည်း ဖုန်းကဒ်ဝယ်နေတယ်။ ဒါကို မြင်တဲ့ ဒေါ်မူမူသန်းက သူ့သူငယ်ချင်နဲ့ စကားပြောနေတာ ကလေးဦးဇင်း(ကျန်ုပ်)ပဲလို့ ထင်ပြီး ရွှေပုဇွန်ကိတ်တွေ ဆွဲလာတယ်။ အနားရောက်တော့ ဒေါ်မူမူသန်းက သေချာအောင်ဆိုပြီး " ဦးဇင်းဘုရား ဦးဇင်းက ကလေးဦးဇင်းလားဘုရား" ဆိုပြီး မေးလိုက်တော့ အစအနောက်သန်တဲ့ ဦးဇင်းက  "အရင်ကတော့ ကလေးပေါ့ အခုတော့ လူကြီးဖြစ်နေပြီ "လို့ ပြန်ဖြေတော့ ဒေါ်မူမူသန်းက ဒီဦးဇင်းဟာ ငါတို့ကလေးမြို့က ဦးဇင်းပဲလို့ ကောက်ချက်ချပြီး လက်ထဲပါလာတဲ့ ရွှေပုဇွန်ကိတ်ကို အားရပါးရ လှူလိုက်ပါတယ်။ အဲဒီအချိန်မှာ ကလေးမြို့က ဒကာမကြီးကလည်း ပြောချိန်မရလိုက်တော့။

Sunday, August 16, 2015

အီး (ချေး) ပါချတိုင်း ရန်သူ မဟုတ်ဘူး


အီး (ချေး) ပါချတိုင်း ရန်သူ မဟုတ်ဘူး
================
မောင်သီဟိုဠ်
၂၀၁၅/၀၈/၁၅








          နိုင်ငံရေးတွေ နားမလည်လို့ နိုင်ငံရေးအကြောင်းတွေကို မရေး မဆွေးနွေပါဘူး ဒါပေမယ့် မြန်မာနိုင်ငံ ထိပ်သီးပိုင်းတွေ ရုတ်တရက် အဆင်း အတက် အနိမ့် အမြင့်တွေ ဖြစ်တာတွေ့ရတော့ အောက်က ပွဲကြည့်ပရိတ်သတ်တွေဖြစ်တဲ့ ကျုပ်တို့မှာ ဘယ်သူက ဘယ်သူ့မိတ်ဆွေ ။ ဘယ်သူက ဘယ်သူ့ ရန်သူဆိုတာ ဝေဝါးပြီး ဘယ်သူ့ကို လက်ခုပ်တီးပြီး ဘယ်သူကို ကောင်းချီးပေးရမယ်ဆိုတာ မသိအောင်ဖြစ်သွားတယ်။ ကျော်ဟိန်းလို (ဇာတ်ကားထဲမှာ) ရန်ဖြစ်တဲ့သူ နှစ်ယောက်အကြား ပြေလည်ရာပြေလည်ကြောင်း မဖြန်ဖြေပဲ တစ်ယောက်လက်ထဲကို ဒုတ် ၊ နောက်တစ်ယောက်လက်ထဲကို ဓါး အဲလို လှည့်ပါတ်ပေးနေရင်လည်း မကောင်းဖြစ်တော့မယ်။ အချင်းချင်းတောင် ဒီလောက် မယုံသင်္ကာဖြစ်နေရင် တိုင်းပြည်ကြီးတစ်ခု နိုင်ငံကြီး တစ်ခုလုံးကို ပုံအော်ပြီး အပ်နှင်းရမယ့် ပြည်သူတွေက ခင်ဗျားတို့ကို ဘယ်လိုလုပ် ယုံမလည်းဆိုတာ စဉ်းစားကြည့်ပါဦး။
          ဦးခင်ညွှန့် ခေတ်တုန်းကလည်း တီဗွီ သတင်းစား ဂျာနယ် အားလုံး သူနဲ့ ထက်ထက်မိုးဦး ချည်းပဲ မြင်ရ တွေ့ရတယ် အခု ရွှေမန်းခေတ်ရောက်တော့လည်း ဦးခင်ညွှန့် ခေတ်ထက်တောင် ပိုကျယ်ပြန့်နေသေးတယ်လို့ ထင်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့  ဦးရွှေမန်း ကိစ္စတွေ ရုတ်တရက် ပေါ်လာတော့ ပြည်နယ် တိုင်းတွေ မှာ ဖြစ်နေတဲ့ ရေဘေးဒုက္ခ အခြေအနေ သတင်းတွေတောင် မှေးမှိန်သွားရတယ်။ တီဗွီ သတင်းစာ ဂျာနယ်သာမက အင်တာနက် ဖေ့ဘုတ်စာမျက်နှာတွေကိုပါ ဦးရွှေမန်းရဲ့ အကြောင်းတွေက ပြန့်နေတယ်။။ ဒါကြောင့် ဖေ့ဘုတ်လူငယ်တွေ နောက်ပြောင်ပြောကြတာ ဖြစ်မယ်။ ဘာတဲ့..... နိုင်ငံခြားတိုငးပြည်တွေမှာ စူပါမန်း စပိုက်ဒါမန်း ဘတ်မန်း ကြိုက်ရာလာခဲ့ မကြောက်ဘူး ငါတို့ မြန်မာပြည်မှာ စူပါမန်း စပိုက်ဒါမန်း ဘတ်မန်းတို့ထက် ပါဝါအား ကောင်းတဲ့ ရွှေမန်း ရှိတယ်တဲ့ဘာပဲဖြစ်ဖြစ် သူတို့ နှစ်ယောက်လုံးဟာ တစ်ချိန်ကတော့ မြန်မာပြည်မှာ နေတစ်ဆူ လတစ်ဆူ ဖြစ်ခဲ့ကြတယ်မဟုတ်လား။